အပိုင်း (၁) ကျောင်းခေါ်ချိန်၊ ၀တ်စုံနှင့် ခွင့်တိုင်ကြားခြင်း
(၁.၁) ကျောင်းခေါ်ချိန်
- သတ်မှတ်ထားသော (၈၀%) ပြည့်မှသာ စာမေးပွဲ ဖြေဆိုခွင့် ရှိသည်။
- စာသင်ချိန် (၃၀)မိနစ် ကျော်လွန်ရောက်ရှိပါက ကျောင်းခေါ်ချိန် မရရှိနိုင်ပါ ။
(၁.၂) ကျောင်းခေါ်ချိန် မပြည့်မီခြင်း
- အောက်တွင်ဖော်ပြထားသော ကျောင်းမှချမှတ်ထားသည့် စည်းကမ်းအတိုင်း ပြန်လည် စာရင်းပေးသွင်းပြီးတက်ရောက်ရပါမည်။
Subject | 70 – 74 (%) | 50 – 69 (%) |
One Subject | FOC (Q) | FOC (Q) |
Two Subject | 20,000 Ks | 30,000 Ks |
Three Subject | 30,000 Ks | 40,000 Ks |
Four Subject | 40,000 Ks | 50,000 Ks |
Five Subject | 50,000 Ks | 60,000 Ks |
Six Subject | 60,000 Ks | 70,000 Ks |
Seven Subject | 70,000 Ks | 80,000 Ks |
Eight Subject | 80,000 Ks | 90,000 Ks |
Nine Subject | 90,000 Ks | 100,000 Ks |
တစ်ဘာသာထက်ပိုပြီး ကျောင်းခေါ်ချိန်မပြည့်ပါက အထက်ဖော်ပြပါဇယား အတိုင်း သတ်မှတ်ထားသော ဒဏ်ကြေးများ ပေးဆောင်ပြီး သတ်မှတ်ပေးသော အပတ်စဉ်တွင် တက်ရောက်ရမည်ဖြစ်သည်။
- မိမိသဘောဖြင့် အတန်းပြောင်းလိုပါက ထိုဘာသာအတွက် လက်ရှိသင်တန်း ကြေး၏ (၉၀%) ပြန်သွင်းပြီး တက်ခွင့်ရှိသော်လည်း ကျောင်းမှ စီစဉ်ပေးမည့် အနီးဆုံးအပတ်စဉ်တွင်သာ တက်ရောက်ရပါမည်။
- မိမိဘက်မှအကြောင်းတစုံတရာဖြင့် အတန်းဆိုင်းငံ့ထားပြီး ပြန်တက်မည်ဆိုပါက (၆)လ ထက်ကျော်လျှင် ပြန်တက်လို့မရပါ။
- လက်ရှိတက်ရောက်နေသောအတန်းမှ ပြောင်းလဲလိုလျှင် ခိုင်လုံသောအကြောင်း ပြချက်နှင့် အတန်းပိုင်ဆရာ ထောက်ခံမှုရရှိပြီးဖြစ်ရပါမည်။
(၁.၃) ကျောင်းဝတ်စုံ
ဘာသာရပ်အလိုက် သတ်မှတ်ထားသောနေ့များတွင် သတ်မှတ်ထားသော ကျောင်း ၀တ်စုံ (Uniform) အပြည့်ဝတ်ဆင်ရမည်။ ၀တ်ဆင်လာခြင်းမရှိလျှင် အတန်းထဲသို့ ၀င်ခွင့်မပြုပါ။
(၁.၄) ခွင့်တိုင်ခြင်း
- သင်တန်းသား၊ သင်တန်းသူများသည် ခွင့်တိုင်ကြားလိုပါက 09-5020302 09-797004988 သို့ အမည်၊ အတန်း နှင့် ခွင့်တိုင်ကြားလိုသော အကြောင်းအရာ တို့ကို စာဖြင့် စာသင်ချိန် နာရီဝက်မတိုင်ခင် တိုင်ကြားနိုင်ပါသည်။
- ခွင့်တိုင်ချိန် နောက်ကျခြင်း၊ ခွင့်တိုင်ကြားခြင်းမရှိပါက Leave အဖြစ်သတ်မှတ် ပေးမည်မဟုတ်ပါ။
- ကြာရှည်စွာအကြောင်းမဲ့ သင်တန်းပျက်ကွက်မှုကို ကျောင်းဧ။် အုပ်ချုပ်ရေး အဖွဲ့မှ ခေါ်ယူဆွေးနွေးမည်ဖြစ်ပါသည်။
အပိုင်း (၂) စာမေးပွဲစည်းကမ်းနှင့် ပြန်လည်ဖြေဆိုခြင်း
(၂.၁) အရည်အချင်းစစ်စာမေးပွဲဖြေဆိုခြင်း
- သင်တန်းတက်ရောက်မူသည် စုပေါင်းသင်တန်းတက်ရက်၏ အနည်းဆုံး (၈၀%) ပြည့်မှီရပါမည်။
- သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်ညွန်ကြားထားသော လုပ်ဆောင်ရမည့် လုပ်ငန်းခွင်လက်တွေ့လုပ်ဆောင်မှုများ သင်ခန်းစာမှတ်တမ်းတင်ပြခြင်း များအား ဆောင်ရွက်ပြီးစီးပြီဖြစ်ရပါမည်။
- သင်တန်းတက်ရောက်နေစဉ်နှင့် လက်တွေ့လုပ်ငန်းခွင်များတွင် အမည်ပျက် မရှိသူဖြစ်ရပါမည်။
- စာမေးပွဲဖြေဆိုရာတွင် First Mid-Term စာမေးပွဲအောင်မှသာ Second Mid Term အား ဖြေဆိုခွင့်ရှိမည်။
- Second Mid Term အောင်မှသာ Final exam ဖြေဆိုခွင့်ရှိသည်။
- Hotel Management (6) Subjects နင့် Professional Class (Housekeeping, Front Office and Food & Beverage) အတန်းများ တက်ရောက် ရာတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းခေါ်ချိန် (80%) ပြည့်မှီရမည် ဖြစ်ပါသည်။
(၂.၂) စာမေးပွဲ ပြန်လည်ဖြေဆိုခြင်း
- အကြောင်းအမျိုးမျိုးကြောင့်အရည်အချင်းစစ်စာမေးပွဲတွင်ကျရှူံးခဲ့ပါက သင်တန်းမှသတ်မှတ်ထားသည့်နေ့ရက်တွင်သာ ပြန်လည်ဖြေဆိုရမည်။
- F&B, FO, HK, Flight, Culinary နှင့် B&P အတန်းများအတွက် ပထမလ၀က် ဒုတိယလ၀က် စာမေးပွဲများကို အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခဲ့ပါက ကျောင်းကသတ်မှတ်ထားသော စာမေးပွဲကြေး ၁၀၀၀၀ ကျပ် အားပြန်လည် ပေးသွင်းပြီးဖြေဆိုရမည်။
- Culinary and Bakery & Pastry, SBC အတန်းများအတွက် Final Exam ဖြေဆိုရန်ပျက်ကွက်ခဲ့ပါက စာမေးပွဲကြေး (၂၀၀၀၀) ပြန်လည်ပေးသွင်းပြီး ဖြေဆိုရမည်။
- F&B, FO, HK, Flight, Opera အတန်းများ Final Exam ဖြေဆိုရန် ပျက်ကွက်ခဲ့ပါက စာမေးပွဲကြေး ၁၅၀၀၀ကျပ် ပြန်လည်ပေးသွင်းပြီး ဖြေဆိုရမည်။
- Hotel Management ကျောင်းသားများအတွက် ကျောင်းမှ Presentation အတွက်သတ်မှတ်ချိန်တွင် လာရောက်တင်ပြခြင်းမရှိခဲ့ပါက (၂၅၀၀၀) ကျပ် ပေးသွင်းပြီး ပြန်လည်ဖြေဆိုရမည် ဖြစ်သည်။
အပိုင်း (၃) သင်တန်းဆင်းလက်မှတ် နှင့် ကျောင်းထောက်ခံစာ ထုတ်ယူခြင်း
- သင်တန်းမှ အရည်အချင်းအသိအမှတ်ပြုလက်မှတ်ကို သက်ဆိုင်ရာဘာသာရပ် အလိုက်စာမေးပွဲတွင် အရည်အချင်းပြည့်မှီစွာ အောင်မြင်သူများကိုသာထုတ်ပေး မည်ဖြစ်ပါသည်။
- Certificate ထုတ်ရာတွင် အသုံးပြုပေးမည့် အမည်မှာ ကျောင်းအပ် Application Form တွင်ဖြည့်သည့် အမည်ဖြစ်ပါသောကြောင့် မိမိနာမည်တွင်စာလုံးပေါင်း အမည်အပြောင်းအလဲရှိပါက ကျောင်းတက်ပြီးနှစ်ပတ်အတွင်း Reception သို့ လာရောက်အကြောင်း ကြားရမည်။
- Certificate ထုတ်ရန်အတွက် ကျောင်းဝတ်စုံ (Uniform) အပြည့်အစုံ နှင့် Passport Size (1.3” x 1.5”) ဖြင့်ရိုက်ထားသော ဓာတ်ပုံကို ကျောင်း စတင်တက်ရောက်သည့်နေ့မှစ၍ တစ်ပတ်အတွင်း (၅)ပုံ၊ Certificate လာရောက် ထုတ်ယူမည့်ရက်တွင် (၅)ပုံ၊ စုစုပေါင်း (၁၀)ပုံ Reception သို့ လာရောက်၍ ယူဆောင်လာပေးရပါမည်။
- Certificate ကိုစာမေးပွဲအောင်စာရင်းထွက်ပြီးနောက် (၄၅) ရက်အကြာတွင် စတင်ထုတ်ယူနိုင်ပါသည်။
အပိုင်း (၄) ကျောင်းစည်းကမ်းနှင့် အရေးယူမှု
ကျောင်းစည်းကမ်းနှင့် အရေးယူမှုကို အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃) ဟူ၍ အပိုင်း (၃) ပိုင်းခွဲခြားထားပါသည်။
(၄.၁) အောက်ဖော်ပြပါစည်းကမ်းချက်များကို ဖောက်ဖျက်မိပါက နှုတ်ဖြင့်သတိပေးမှု ပြုလုပ်မည်ဖြစ်ပါသည်။
- သင်တန်းတက်ရောက်နေစဉ်အတွင်း လူမှုရေးအရှုပ်အရှင်းများဖြစ်သည့် ကျောင်းဧရိယာအတွင်း ချစ်ကြိုက်ခြင်းနှင့် ကျောင်းဧရိယာအတွင်း ချိန်းတွေ့ ခြင်း၊ ငွေကြေးချေးငှားခြင်း မပြုလုပ်ရပါ။
- ငွေကြေးနှင့် အဖိုးတန်ပစ္စည်းအား မိမိနှင့်အတူထားရှိရန်နှင့် ပျောက်ဆုံးမှုအား ကျောင်းမှတာဝန်ယူပေးမည်မဟုတ်ပါ။
- လှေကားတွင် ဆူညံစွာသွားလာခြင်း၊ စာသင်ခုံများအားပွတ်တိုက်ဆွဲခြင်း အစ ရှိသော ဆူညံသံများမပြုလုပ်ရပါ။
- ဆရာ/ဆရာမများကို လက်ဆောင်ပစ္စည်းများပေးခြင်း၊ ပစ္စည်းများဖြင့် ကန်တော့ခြင်းများ မပြုလုပ်ရပါ။
- သင်တန်းသား/သူများသည် မိမိတို့၏ ပြင်ပသူငယ်ချင်း၊ မိတ်ဆွေများနှင့် တွေ့ခြင်း၊ စောင့်ခိုင်းခြင်းများကို အခန်း (၂၀၂) Reception ဧရိယာအတွင်းသာ ပြုလုပ်ပေးပါရန်။
(၄.၂) အောက်ဖော်ပြပါစည်းကမ်းချက်များကို ဖောက်ဖျက်မိပါက သတိပေးစာ(Warning Letter) ပေးခြင်းပြုလုပ်မည်ဖြစ်သည်။
- လုပ်ငန်းခွင်အတွေ့အကြုံရရှိရန် စေလွှတ်သော Training သွားရောက်သော အခါ Hotel မှ ချမှတ်ထားသော စည်းကမ်းများကိုလိုက်နာပြီး စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်သည်။ Hotel (သို့မဟုတ်) outside ပွဲသို့သွားသော အခါ သတ်မှတ်ထားသောလုပ်အားခမှအပ Service Money, Tip Money များလုံးဝ မတောင်းရပါ ။
- သင်တန်းချိန်အတွင်းစာသင်ခန်းထဲတွင် စာသင်ကြားခြင်းအား အနှောင့်အ ယှက်ပေးခြင်းနှင့် အတန်းဖော်ချင်းချင်း စည်းလုံးမှုပျက်စေရန် ကြံစည်ခြင်းများ မပြုလုပ်ရပါရန်။
- အမှိုက်များကို အမှိုက်ပုံးအတွင်းသို့သာ စွန့်ပစ်ပါရန်။
- စာသင်ခန်းအတွင်း မည်သည့် အစားအသောက်မှ၊ မစားရပါ။
- မိမိကြောင့် ကျောင်းပိုင်ပစ္စည်းများပျက်စီးသွားပါက ကာလတန်ဖိုးအတိုင်း အလျော်ပြန်ပေးရပါမည်။
- သင်တန်းတက်ရောက်နေစဉ် အမျိုးသမီးများဒူးခေါင်းထက်ကျော်သော ဘောင်း ဘီတို၊ စကပ်တိုများ၊ ဂါဝန်တိုများနှင့် အင်္ကျီကြိုးတစ်လုံး လည်ဟိုက် ကျောဟိုက် အင်္ကျီများ ၀တ်ဆင်ခွင့်လုံးဝခွင့်မပြုပါ။
- ကျောင်းတွင်း business ကြော်ငြာများ ကြော်ငြာခွင့်မပြုပါ။
(၄.၃) အောက်ဖော်ပြပါစည်းကမ်းချက်များကို ဖောက်ဖျက်မိပါက ကျောင်းမှထုတ် ပယ်ခြင်းအထိ အရေးယူခံရမည်ဖြစ်ပါသည်။
- သင်တန်းချိန်တွင်း၊ Hotel သွားရောက်ချိန်နှင့် ကျောင်းပရ၀ုဏ်အတွင်း ခိုက်ရန်ဖြစ်ပွားခြင်း။
- ကျောင်းပရ၀ုဏ်နှင့် သင်တန်းချိန်အတွင်းတွင် အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးတို့ကို သောက်စားထားသည်ကို တွေ့ရှိခြင်း တို့အတွက် ကျောင်းစည်းကမ်းအရသော်လည်းကောင်း၊ ဥပဒေအရသော် လည်းကောင်း အရေးယူမှု ပြုလုပ်မည် ဖြစ်ပါသည်။
- သူတစ်ပါးပစ္စည်းအား ခိုးယူခြင်း၊ ယူဆောင်ခြင်း။
- လုံခြုံရေးအရ တာဝန်ရှိသူများမှ စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရပါမည်။
- ဤစာအုပ်ပါ စည်းကမ်းချက် လမ်းညွှန်ချက်များသည် သင်တန်းသား တစ်ဦးချင်းစီအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ စည်းကမ်းပိုင်းဆိုင်ရာပိုမိုတိုးတက် ကောင်းမွန်လာရန် ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်ပါသည်။
- စာအုပ်ပါစည်းကမ်းချက်များကို ကျောင်းမှအချိန်အခါနှင့်ဆီလျှော်စွာ သင့်တော် သလိုပြောင်းလဲခွင့်ရှိသည်။ အငြင်းပွားဖွယ်ရာအချက်များအတွက် နောက်ဆုံး update ဖြစ်သည့် star-resourcesacademy.com/std.gb/ ရှိအချက် များဖြင့်သာဆုံးဖြတ်ပါမည်။
- ထိုဆုံးဖြတ်ချက်များဖြင့် မပြေလည်နိုင်လျှင် ကျောင်း၏ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့နှင့် တွေ့ဆုံမေးမြန်း၍ ထိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အဆုံးအဖြတ် သည် နောက်ဆုံးအတည်ဖြစ်သည်။
Star Academy သို့တက်ရောက်သည်နှင့် ကျောင်းသားလမ်းညွှန်ပါ အချက်များ အားလုံးကို ကျောင်းသားသည် အလိုအလျောက် သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်ပါသည်။