STAR ACADEMY မှ MBA in Hospitality Managementသင်တန်းအတွက် ပညာတော်သင်ဆုကို စတင်လျှောက်ထားနိုင်ပါပြီ။
ဆရာကြီးဒေါက်တာ ဦးဌေးအောင်အား ဂုဏ်ပြုသောအားဖြင့် STAR ACADEMY မှ Dr. U Htay Aung MBA ပညာတော်သင်ဆုကို ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် မဟာဘွဲ့ သင်တန်းသားများအား အောက်ပါအစီအစဉ်အတိုင်းခေါ်ယူသွားပါမည်။

 

လျှောက်ထားလိုသူများသည်

မိမိကိုယ်ရေးရာဇ၀င်အကျဉ်းနှင့် အနာဂတ်တွင် ဟိုတယ် နှင့် ခရီးသွားလာရေးဖွံ့ဖြိုး တိုးတက်မှု အတွက် စီစဉ်ဆောင်ရွက် ခြင်း ရှိ / မရှိ စတဲ့ခေါင်းစဉ်ကို အင်္ဂလိပ်ဘာသာဖြင့် စာလုံးရေ (၁,၀၀၀ မှ ၁,၅၀၀) အတွင်း ရေးသားလျှောက်ထားရပါမည်။


က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိသူ၊

(ခ) ဝန်ဆောင်မှုနှင့် ဆက်စပ်သော လုပ်ငန်းအတွေ့ အကြုံသုံးနှစ်နှင့် အထက်ရှိသူ၊

(ဂ) အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သူ၊

(ဃ) သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအတွက် ပြန်လည်အကျိုးပြုရန် ဆန္ဒရှိသူ၊

 


အခြေခံစည်းကမ်းချက်များ


(၁)မြန်မာနိင်ငံသားဖြစ်ရမည်။

(၂)ပညာတော်သင်ဆုကိုလွှဲပြောင်းခွင့်မရှိပါ။

(၃)MBA ပညာတော်သင်ဆုကို ရွေးချယ်ခြင်းခံရပါက ငွေသားနဲ့  လုံးဝလဲလှယ်ခွင့်မရှိပါ။

ပညာတော်သင်ဆု ကို နိုဝင်ဘာလ (၁၉)ရက် ၂၀၁၈ မှစတင်ကာ ဒီဇင်ဘာလ (၁၉) ရက် ၂၀၁၈နာက်ဆုံးထားပြီးလျှောက်ထားပါနိုင်ကြောင်းကို သတင်းကောင်းပါးအပ်လိုက်ပါသည်။

လျှောက်ထားသူများကို ၂၀၁၈ခုနစ် ဒီဇင်ဘာလ (၂၂) နေ့တွင် ရွေးချယ်ရေးအဖွဲ့ မှ စိစစ်ရွေးချယ်၍ Dr. U Htay Aung MBA ပညာတော်သင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါသည်။


လျှောက်ထားလိုသူများအနေဖြင့်-


လျောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများ

  • မှတ်ပုံတင်
  • ဘွဲ့လက်မှတ်
  • Other Qualification
  • နိုင်ငံကူးလက်မှတ်  စသည့်တို့ကို (မူရင်း)  အရှေ့/အနောက် Scan ဖတ်ပေးရန်။
  • ဓါတ်ပုံကို အနောက်တိုင်းဝတ်စုံ ဖြင့် ( အနောက်ခံ နက်ပြာ) Soft Copy (အလျား 1.3” အနံ 1.6’)
  • စသည် တို့ကို  CD ဖြင့် Burn ပြီးပေး၇န်။

အောက်ဖော်ပြပါလင့်တွင် ပညာသင်ဆုဖောင်ပုံစံကို ရယူနိုင်ပါသည်။